မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကိုလည်းကောင်း၊ အာရုန်ဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။
ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်းအပေါ်မှာဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
သလဲသီးတစ်လုံး၊ ဆည်းလည်းတစ်လုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။
ချယ်လှယ်သောပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကိုလည်းကောင်း လုပ်လေ၏။
ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်လည်းကောင်း လုပ်လေ၏။
ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဖို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလျက်၊ ဦးထုပ်ကိုဆောင်းစေလေ၏။
အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။
ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။
ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
ထိုကြောင့် သင်တို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ၊ ခုနစ်ရက်ပတ်လုံးနေ့ညမပြတ်နေ၍၊ ထာဝရဘုရားအမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသော နေ့ညမှာ မုန့်ကိုယူ၍၊-
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။-
ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍ မပိုရ၊ နုတ်၍ မလျော့စေရ။