Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 8:2

Judson Bible

သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။

အာ​ရုန်၏​သား​တို့ ဘုန်း​အ​သ​ရေ​ကို​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ အင်္ကျီ၊ ခါး​ပန်း၊ ဦး​ထုပ်​များ​ကို​လုပ်​ပေး​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း

ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လိမ်း​ရန်​ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ၏။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​သို့ ပ​ရိ​သတ်​အ​ပေါင်း​ကို စည်​ဝေး​စေ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ