Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 8:13

Judson Bible

အာ​ရုန်၏​သား​တို့​ကို​လည်း အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လျက်၊ ဦး​ထုပ်​ကို​ဆောင်း​စေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဖြောင့်​မတ်​ခြင်း​တန်​ဆာ​ကို​ဆင်၍၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း မော​ရှေ​ပြု​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝင်​သော​အ​ခါ အ​မှု​တော်​ဆောင် အ​ဝတ်​ကို​ဝတ်​လျက်၊ သန့်​ရှင်း​သော​အ​ရပ်​မှ ပြင်​တံ​တိုင်း​သို့ မ​ထွက်​ရ။ ထို​အ​ဝတ် သန့်​ရှင်း​သော​ကြောင့် ချွတ်​ထား၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ပြီး​မှ၊ လူ​များ​ရှိ​ရာ​သို့ ထွက်​သွား​ရ​ကြ​မည်​ဟု ငါ့​အား​ပြော​ဆို၏။

သူ​တို့​သည်​လာ၍ အင်္ကျီ​ဝတ်​လျက်​ရှိ​သော​အ​သေ​ကောင်​ကို တပ်​ပြင်​သို့​ယူ​သွား​ကြ၏။

ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍၊ သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ