Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 7:12

Judson Bible

ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဟေ​ဇ​ကိ​က၊ သင်​တို့​သည် ယ​ခု ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ကို​ပူ​ဇော်​ကြ​ပြီ။ ဗိ​မာန်​တော်​သို့ ချဉ်း​ကပ်၍၊ ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ​လော့​ဟု ပြန်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ စည်း​ဝေး​သော​သူ​တို့​သည် ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ၏။ စေ​တ​နာ​ရှိ​သ​မျှ​သော သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​တို့​ကို ဆောင်​ခဲ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ပြု​ပြင်၍၊ မိတ်​သ​ဟာ​ယ​ယဇ်​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ယဇ်​တို့​ကို ပူ​ဇော်၏။ ယု​ဒ​ပြည်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​မည်​အ​ကြောင်း မှာ​ထား၏။

ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။

လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။

ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။

မီး​ဖို၌​ဖုတ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​နှင့်​မုန့်​ညက်​ဖြင့်​လုပ်​သော တ​ဆေး​မဲ့ မုန့်​ပြား​သော်​လည်း​ကောင်း၊ ဆီ​လူး​သော တ​ဆေး​မဲ့​မုန့်​ကြွပ်​သော်​လည်း​ကောင်း ဖြစ်​ရ​မည်။

သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။

ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ပူ​ဇော်​လော့။ တစ်​နေ့​ချင်း​တွင် စား​ရ​မည်။ နက်​ဖြန်​နေ့​တိုင်​အောင် မ​ကြွင်း​စေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကြွင်း​သော​အ​ရာ​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင်၊ သန့်​ရှင်း​ရာ​ဌာ​န၌ တ​ဆေး​မ​ပါ​ဘဲ​စား​ရ​မည်။

ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ ပူ​ဇော်​သော မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​ကို၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်​စား​ရ​မည်။ နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။

လု​ယူ​သော​ဥ​စ္စာ​ထဲ​က ကျေး​ဇူး​ချီး​မွမ်း​ရာ ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​ကြ​လော့။ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကြား​ပြော၍ ကြော်​ငြာ​စေ​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ပြု​ရာ​တွင် သင်​တို့​သည် မွေ့​လျော်​တတ်​ကြ​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။

ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။-

ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-

ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ