Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 4:6

Judson Bible

မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော် ကု​လား​ကာ​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သေ​တ္တာ​ကို တဲ​တော်၌​သွင်း၍ ကွယ်​ကာ​ရာ​အ​တွင်း​ကု​လား​ကာ​ကို ကာ​ထား​သ​ဖြင့်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို ကွယ်​ကာ​လေ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရွှေ​ပ​လ္လင်​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း ကု​လား​ကာ​ပြင်​မှာ​ထား၍၊

ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့်​တို့​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။

မိ​မိ​လက်၌​ကြွင်း​သေး​သော​ဆီ​ကို၊ စင်​ကြယ်​စေ​ရ​သော​သူ၏​ခေါင်း​ပေါ်​မှာ လောင်း၍ ထို​သူအ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။

ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။

နူ​နာ​စင်​ကြယ်​စေ​ရ​သော​လူ​အ​ပေါ်​မှာ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍၊ ထို​သူ​သည် စင်​ကြယ်​သည်​ဟု စီ​ရင်​ရ​မည်။ ထို​နောက် အ​သက်​ရှင်​သော​ငှက်​ကို ဟင်း​လင်း​သော အ​ရပ်၌​လွှတ်​လိုက်​ရ​မည်။

နွား​အ​သွေး​အ​ချို့​ကို​လည်း​ယူ၍ အ​ရှေ့​မျက်​နှာ​ဘက် သေ​တ္တာ​ဖုံး​အ​ပေါ်၌ လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။ သေ​တ္တာ​ဖုံး​ရှေ့၌​လည်း ခု​နစ်​ကြိမ်​တိုင်​အောင် လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။

ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။

ဥ​ပုသ်​နှစ် ခု​နစ်​နှစ်​ကို​ရေ​တွက်၍၊ ခု​နစ်​နှစ် ခု​နစ်​လီ​တည်း​ဟူ​သော လေး​ဆယ်​ကိုး​နှစ်​စေ့​ပြီး​မှ၊

ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။

ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍၊ ကု​လား​ကာ​ရှေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​သွေး​ကို​လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင် ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ ထည့်​ပြီး​မှ ဖျန်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ထို​ဆီ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ခု​နစ်​ကြိမ်​ဖျန်း၍၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​ကောင်း၊ သန့်​ရှင်​စေ​ခြင်း​ငှာ​လိမ်း​လေ၏။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည် အ​သွေး​ကို​လက်​နှင့်​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​စူး​စူး၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။

ယော​ရှု​သည် လူ​များ​တို့​အား​မှာ​ထား​ပြီး​မှ၊ ယု​ဘိ​လ​တံ​ပိုး ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တံ​ပိုး​မှုတ်​လျက်​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် သူ​တို့​နောက်​သို့ လိုက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ