Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 24:2

Judson Bible

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင် သက်​သေ​ခံ​ချက်​ကု​လား​ကာ​ပြင်​မှာ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း၍​ယူ​သော သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင့်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။

နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။

စင်​ကြယ်​သော​မီး​ခုံ​မှ​စ၍၊ ပြင်​ဆင်​ရ​သော​မီး​ခွက်​များ၊ မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​နှင့် မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ခုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ တောင်​ဘက်​နား စား​ပွဲ​ဆိုင်​ရာ​တွင်​ထား၍၊

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။

တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

အာ​ရုန်​သည်​လည်း၊ ညဉ့်​ဦး​မှ​သည်​နံ​နက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။-

ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-

သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊-

ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။-

ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။

ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ