သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။
ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သကာ ဖြစ်သတည်း။
ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ပူဇော်ရမည်။
ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊