Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 2:12

Judson Bible

အ​ဦး​သီး​သော အ​သီး​အ​နှံ​ကို ပူ​ဇော်​သော​အ​မှု​မှာ၊ တ​ဆေး​နှင့်​ပျား​ရည်​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော်​လည်း၊ မွှေး​ကြိုင်​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​မ​ရှို့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​အ​ရပ်၌​ရှိ​သော​ဧ​ဖ​ရုန်၏​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​နှင့် သစ်​ပင်​များ၊ ပတ်​ဝန်း​ကျင်​သစ်​ပင်​များ​ကို​လည်း​ကောင်း၊

ထို​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှံ့​အ​ပြား ကြား​သိ​ကြ​သော​အ​ခါ၊ အ​ဦး​သီး​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ ပျား​ရည်​အ​စ​ရှိ​သော မြေ​အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဥ​စ္စာ​ရှိ​သ​မျှ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း များ​စွာ​ဆောင်​ခဲ့​ကြ၏။

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

ဂျုံ​စ​ပါး​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ ခု​နစ်​သီ​တင်း​ပွဲ​ကို​လည်း​ကောင်း၊ နှစ်​လဲ​သော​အ​ခါ သို​ထား​ပွဲ​ကို​လည်း​ကောင်း​ခံ​ရ​မည်။

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊

ထို​မုန့်​ပြား​မှ​တစ်​ပါး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ၊ တ​ဆေး​ပါ​သော​မုန့်​ကို​လည်း ပူ​ဇော်​ရ​မည်။

အ​ဦး​နယ်​သော​မုန့်​စိမ်း​ဖြင့် လုပ်​သော​မုန့်​ပြား​ကို ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ပြု၍ ကောက်​နယ်​တ​လင်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​သ​ကဲ့​သို့ ချီ​မြှောက်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။

ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။-

ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော​အ​သီး​ကို အ​ကျွန်ုပ်​ဆောင်​ခဲ့​ပါ​ပြီ​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ဆို​လျက်၊ ထို​အ​သီး​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။ ရှေ့​တော်၌​လည်း ကိုး​ကွယ်​ခြင်း​ကို ပြု​ရ​မည်။

ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ