ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဖို့ သွန်းသောဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
သင်မူကား သင့်ရှေ့မှာ ဖြစ်ဖူးသောသူ အပေါင်းတို့ကိုလွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားနှင့် သွန်းသောရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့လိုက်၍၊ ဗာလဘုရားတို့အဖို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
ငါ့ကိုကိုးကွယ်သောအမှု၌ ကိုယ်သုံးဖို့ ငွေဘုရား၊ ရွှေဘုရားကိုမလုပ်ရ။
အာရုန်သည်လည်းလက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့်ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်၏ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
သင်သည် ကိုယ်အဖို့သွန်းသောဘုရားတို့ကို မလုပ်ရ။
ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ်ကိုကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ်မညစ်ညူးစေရကြ။
ပဥ္စမနှစ်တွင် သီးသောအသီးကိုစားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
မိတ်သဟာယယဇ်ကို ထာဝရဘုရားအားပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။
သင်တို့သည် ကိုယ်အဖို့ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ကိုးကွယ်စရာ မှတ်တိုင်ကိုမစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလ နှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့မျှော်ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည် အကြောင်းအရာဟူမူကား၊
ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တုကို ကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။-
ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
နောက်တစ်ဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဌာန်၊
သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။