Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 18:3

Judson Bible

သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့​ထုံး​စံ​နှင့် မိ​မိ​တို့​ချီး​မြှောက်​သော ရှင်​ဘု​ရင်​တို့​ထုံး​စံ​သို့​လိုက်​ကြ၏။

သူ​တို့​နှင့်​ရော​နှော၍ သူ​တို့၏​ဘာ​သာ​ဓ​လေ့​ကို သင်​ကြ၏။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့၏ ဘာ​သာ​ဓ​လေ့​သို့​မ​လိုက်​ရ။ သူ​တို့​သည် ထို​သို့​သော​အ​မှု​ခပ်​သိမ်း​တို့​ကို ပြု​သော​ကြောင့် ငါ​ရွံ​ရှာ၏။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊

သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ