Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 17:8

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​တစ်​စုံ​တစ်​ခု​ကို ပူ​ဇော်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​သို့ မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

သိုး​သ​ငယ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊

နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ခါ​နာန်​ပြည်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​နား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ကူး​ရာ​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို တည်​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​တင်း​ကြား​ကြ၏။

ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊

ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။

ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

သင်​သည်​လည်း ငါ့​ရှေ့​မှာ ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​လည်း မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ သင်​ရှိ​ရာ​သို့​လာ​မည်။ ငါ​လာ၍ သင်​ပြု​ရ​သော အ​မှု​ကို​မ​ပြ​မီ​တိုင်​အောင် သင်​သည်​ငံ့​နေ​ရ​မည်​ဟု ဆို၏။

ရှ​မွေ​လ​က၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ ရှော​လု​ကြား​လျှင် သတ်​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နွား​မ​တမ်း​ကို​ယူ၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ​လာ​ပြီ​ဟု ပြော​လော့။

ရှ​မွေ​လ​သည်​လည်း နို့​စို့​သိုး​သ​ငယ်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဆု​တောင်း၍ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ