Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 17:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်၍၊ လှည့်​စား​တတ်​သော စိတ်​သ​ဘော​နှင့် ကင်း​စင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​အိမ်​များ​၌ တ​ဆေး​မ​ရှိ​ရ။ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ ပြည်​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

အ​ကြောင်း​မူ​ကား၊ ငါ၏​သန့်​ရှင်း​သော​တောင်၊ အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​အား​ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​လက်​ခံ၍၊ ထို​အ​ရပ်၌ သင်​တို့​ပြု​သော​ပူ​ဇော်​သ​ကာ​များ၊ အ​ဦး​သီး​သော အ​သီး​တွင် ရွေး၍​ဆက်​ရ​သော အ​သီး​အ​နှံ​များ​နှင့်​တ​ကွ၊ သင်​တို့​သန့်​ရှင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​တောင်း​မည်။

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

အ​သွေး​သည် ခပ်​သိမ်း​သော​ကိုယ်​ခ​န္ဓာ အ​သက်​ရှင်​ရာ​အ​ကြောင်း​ဖြစ်၏။ ထို​ကြောင့် သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​ကိုယ်​ခ​န္ဓာ၏​အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။ ခပ်​သိမ်း​သော ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်​သော​ကြောင့်၊ အ​သွေး​ကို​စား​သော​သူ မည်​သည်​ကား၊ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် သိုး၊ ဆိတ်၊ နွား​ကို တပ်​ထဲ​မှာ သတ်​သည်​ဖြစ်​စေ၊ တပ်​ပြင်​မှာ​သတ်​သည်​ဖြစ်​စေ၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ပူ​ဇော်​သော​ယဇ်​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​စေ​ခြင်း​ငှာ ထို​သို့​စီ​ရင်​ရ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​သို့ မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

ထို​သို့​သော​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​သော​သူ​မည်​သည်​ကား၊ သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ခံ​ရ​မည်။

မိန်း​မ​သည်​လည်း၊ မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​ခံ​လျှင်၊ ထို​မိန်း​မ​နှင့် တိ​ရ​စ္ဆာန်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

ယောက်ျား​သည် ဥ​တု​ရောက်​လျက်​ရှိ​သော​မိန်း​မ​နှင့် သင့်​နေ​လျှင်၊ ထို​သူ​တို့​သည် သ​ဘော​တူ၍ သွေး​သွန်​အ​နာ​ကို​ထင်​ရှား​စေ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။

ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ပူ​ဇော်​သော​နွား၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။-

ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊-

ပ​ညတ်​တ​ရား​ကို မ​ထား​မီ​တိုင်​အောင် ဤ​လော​က၌ အ​ပြစ်​ရှိ၏။ အ​ဘယ်​ပ​ညတ်​တ​ရား​မျှ မ​ရှိ​လျှင်၊ အ​ပြစ်​ရှိ​သည်​ဟု မှတ်​စ​ရာ​မ​ရှိ၊-

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။-

အို​ထာ​ဝ​ရ​ဘု​ရား၊ ရွေး​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို သ​နား​တော်​မူ​ပါ။ မ​သေ​ထိုက်​သော​သူ​ကို သတ်​သော​အ​ပြစ်​သည် ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု မြွက်​ဆို​ရ​ကြ​မည်။ သို့​ပြု​လျှင် အ​သက်​ကို​သတ်​သော အ​ပြစ်​လွတ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ