Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 13:4

Judson Bible

ကိုယ်​အ​ရေ၌​ရှိ​သော နူ​ကွက်​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ အ​မွေး​မ​ဖြူ​လျှင်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ အ​နာ​ရှိ​သော​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​ပြီး​လျှင်၊ မိ​မိ​တို့​ရုပ်​တု​များ​နောက်​သို့ လိုက်​သွား​သော​အ​ခါ၊ ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော လေ​ဝိ​သား​တို့​သည်​လည်း ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

ကိုယ်​အ​ရေ၌ ဟောင်း​သော​နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍ ချုပ်​ထား​သ​ဖြင့်၊ သူ​သည် မ​စင်​ကြယ်​ဘဲ​နေ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ရ​မည်။ နူ​ကွက်​အ​မွေး​ဖြူ၍ အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်၊ မီး​လောင်​နာ​ထဲ​က​ထွက်​သော နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​မှန်၏။

ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ နူ​ကွက်၌ ဖြူ​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌​မ​စွဲ၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ၏ အ​ရေ၌​ပေါ်​သော​အ​နာ​ကို ကြည့်​ရှု​သော​အ​ခါ၊ အ​နာ၌​ရှိ​သော အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​နာ​သည် အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်​လည်း​ကောင်း နူ​နာ​မှန်၏။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ကြည့်​ရှု​ပြီး​မှ၊ မ​စင်​ကြယ်​ဟု​စီ​ရင်​ရ​မည်။

ထို​အ​နာ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ နက်​သော​အ​မွေး​လည်း​မ​ရှိ​လျှင်၊ ထို​အ​နာ​ပေါက်​သော​သူ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​သည် အ​ရေ၌ မ​တိုး​မ​လျော့​နေ​လျှင်၊ တစ်​ဖန်​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​နာ​စွဲ​သော​အ​ဝတ်​ကို​ကြည့်​ရှု၍ ခု​နစ်​ရက်​ပတ်​လုံး လုံ​ခြုံ​စွာ​ထား​ရ​မည်။

အိမ်​တံ​ခါး​ပြင်​သို့​ထွက်၍၊ ထို​အိမ်​ကို ခု​နစ်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

မိ​ရိ​အံ​ကို​နှင်​ထုတ်၍ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ၏။ မိ​ရိ​အံ​အ​နာ​မ​ပျောက်​မီ​တိုင်​အောင် လူ​များ​တို့​သည် ခ​ရီး​မ​သွား​ဘဲ​နေ​ကြ၏။

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

သ​တင်း​ကြား​သည်​အ​တိုင်း ထင်​ရှား​စွာ ဧ​ကန်​မှန်၍၊ ထို​သို့​သော စက်​ဆုပ်​ဖွယ်​အ​မှု​ကို သင်​တို့​တွင် အ​မှန်​ပြု​မိ​လျှင်၊

အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် ရှေ့​မ​ဆွ​က​ထင်​ရှား၍၊ အ​ပြစ်​စီ​ရင်​ခြင်း​သို့ အ​ရင်​အ​ဦး​သွား​တတ်၏။ အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် နောက်​သို့​လိုက်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ