သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊
ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊
ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊
အယက်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။ သူတို့အသေကောင်ကိုလည်း ရွံရှာရကြမည်။
သင်တို့သည် ရွံရှာဖွယ်မှတ်၍ မစားရသောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဖို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊
မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုး၊
ခွာကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။
ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌သောက်စရာရေလည်း မစင်ကြယ်။
သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဉ့်ဦးတိုင်အောင်မစင်ကြယ်။
သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်သည်စားမြုံ့ပြန်သော်လည်း ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။
ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။-
အထူးထူးအပြားပြားသော အယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီ မဟုတ်။-
စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။