ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့် ဆီဥကိုစုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာခင်းရမည်။
ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။
အအူကို ဖုံးသောဆီဥ၊
အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိတ်သဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာဖို့ ဆက်ပြီးမှ၊