Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 1:1

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​မီး​ရှို့၏။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို​လည်း သွန်း​လောင်း၏။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လေ၏။

စည်း​ဝေး​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆောင်​ခဲ့​သော ယဇ်​ပေါင်း​ကား၊ နွား​ခု​နစ်​ဆယ်၊ သိုး​တစ်​ရာ၊ သိုး​သ​ငယ်​နှစ်​ရာ​တည်း။

မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊

ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။

ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် သင်​နှင့်​ငါ​တွေ့၍ နှုတ်​ဆက်​ရာ​အ​ရပ်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ အ​စဉ်​မ​ပြတ်​မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ရ​ကြ​မည်။

မော​ရှေ​သွား၍ ကြည့်​ရှု​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​တော်​မူ​လျှင်၊ မော​ရှေ၊ မော​ရှေ​ဟု ချုံ​ထဲ​က​ခေါ်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု လျှောက်​လေ၏။

မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။

ထို​သို့​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။

မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​လည်း ဆောင်​ခဲ့၍၊ ထို​နည်း​တူ ပူ​ဇော်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊

မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ခေ​ရု​ဗိမ်​နှစ်​ပါး​ကြား​မှာ၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်၌ တင်​သော အ​ဖုံး​အ​ထက်​က၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သံ​ကို မော​ရှေ​သည်​ကြား၍ ထူး​လေ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

ယဇ်​ပ​လ္လင်​ကို ကျောက်​နှင့်​တည်​ရ​မည်။ သံ​တန်​ဆာ​ကို မ​သုံး​ဆောင်​ဘဲ၊ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​နှင့် တည်​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ထို​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ