ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။-
သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသောအခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့် အသွားမနှေးစေနှင့်ဟု ကျွန်အားမှာထားသဖြင့်၊
ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
သင်၏မျက်စိသည်ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊-
တစ်ဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစ်စုံတစ်ခုလိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မလိုပါဟု လျှောက်ကြသော်၊-
ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ဓားလှံရှိသလော။ အမှုတော်ကို အလျင်အမြန်ဆောင်ရသောကြောင့်၊ ဓားအစရှိသော လက်နက်တစ်စုံတစ်ခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊