Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 8:6

Judson Bible

ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍၊ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​သည် မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊

အား​ကြီး​သော​သူ၏ ထက်​သော​မြား​ကဲ့​သို့​လည်း​ကောင်း၊ ရ​သမ်​သစ်​သား မီး​ခဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​တံ​တိုင်း​တော်​တို့​ကို အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တ​သ၍ အား​လျော့​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​နှင့် ကိုယ်​ခ​န္ဓာ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အ​လို​ရှိ၍ ကြွေး​ကြော်​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ထို​ကျောက်​တို့၌၊ ထို​တစ်​ဆယ့်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို တင်​လျက်၊ ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​ရ​မည်။

ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်၌ ဆု​ချ​တော်​မူ​မည်။

အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။

အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။

ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ရှာ​လ​သေ​လ​သား၊ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊ ထို​အ​ခါ သင့်​ကို​ငါ​ယူ၍ တံ​ဆိပ်​လက်​စွပ်​ကဲ့​သို့ ခန့်​ထား​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင့်​ကို ငါ​ရွေး​ချယ်​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟ​ဂ္ဂဲ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ယော​ရှု​ရှေ့​မှာ ငါ​ထား​သော​ကျောက်​ကို ကြည့်​ရှု​လော့။ ထို​ကျောက်​တစ်​ခု​ကို မျက်​စိ​ခု​နစ်​လုံး​ကြည့်​ရှု​လျက်​ရှိ​လိမ့်​မည်။ ထို​ကျောက်​ကို​လည်း ငါ​ထု​လုပ်​မည်။ တစ်​နေ့​ချင်း​တွင် ဤ​ပြည်၏​အ​ပြစ်​ကို ငါ​ပယ်​ရှင်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သီ​လ​ပျက်​သည်​ဖြစ်​စေ၊ မ​ပျက်​သည်​ဖြစ်​စေ၊ လင်​သည်​မ​ယား​ကို မ​ယုံ​လျှင်​လည်း​ကောင်း

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။-

ထို​ကြောင့် သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။-

ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ