Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 8:14

Judson Bible

အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ နံ့​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ ပြု​တော်​မူ​ပါ။ ရှော​လ​မုန်​မင်း​ကြီး​သည် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်၏ မေ​တ္တာ​ကို​အ​ကြောင်း​ပြု၍ စီ​ရင်​ရေး​ထား​သော သီ​ချင်း​စာ​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မိုး​မ​သောက်၊ မှောင်​မိုက်​အ​ရိပ်​မ​ပြေး​မီ၊ ငါ​ချစ်​ရာ​သ​ခင်၊ ဗေ​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ တစ်​ဖန် ပြု​တော်​မူ​ပါ။

ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို​တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။

ငါ​ချစ်​ရာ သ​ခင်​သည် သ​မင်​ဒ​ရယ်​သ​ငယ်​နှင့် တူ၏။ ကြည့်​ပါ။ အုတ်​ရိုး​ပြင်​မှာ ရပ်​တော်​မူ၏။ ပြတင်း​ပေါက်​ဝ​တွင် ကြည့်​လျက်၊ ပြတင်း​ရွက်​ကြား​မှာ ကိုယ်​ကို​ပြ​လျက်​နေ​တော်​မူ၏။

မိုး​မ​သောက်၊ မှောင်​မိုက်​အ​ရိပ်​မ​ပြေး​မီ၊ ငါ​သည်​မု​ရန်​တောင်​နှင့် လော​ဗန်​ကုန်း​သို့ သွား​မည်။

အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။-

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်​မှန်​ပေ၏​ဟု၊ ဤ​အ​ရာ​များ​ကို သက်​သေ​ခံ​သော​သူ​မိန့်​တော်​မူ၏ အာ​မင်။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၌ ရှိ​စေ​သ​တည်း။ ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ်​ကျမ်း​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ