Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 8:1

Judson Bible

ကိုယ်​တော်​သည် ကျွန်​မ၏ မိ​ခင်​နို့​ကို​စို့​သော မောင်​ရင်း​ကဲ့​သို့ ဖြစ်​စေ​ချင်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကျွန်​မ​သည် ပြင်​မှာ​တွေ့၍ နမ်း​ပါ​လိမ့်​မည်။ သူ​တစ်​ပါး​မ​ကဲ့​ရဲ့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

40 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော ယဇ်​မူ​ကား၊ ကျိုး​ပဲ့​သော​စိတ်​ပေ​တည်း။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကျိုး​ပဲ့​ကြေ​မွ​သော​နှ​လုံး​ကို ငြင်း​ပယ်​တော်​မ​မူ​တတ်​ပါ။

သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။

အ​နု​ဆေး​ပင်​တို့​သည် မွှေး​ကြိုင်​ကြ​ပါ၏။ ငါ​တို့​တံ​ခါး​နား​မှာ ချို​သော​အ​သီး​မျိုး အ​သစ်​အ​ဟောင်း​တို့​ကို ကိုယ်​တော်​ဖို့ ကျွန်​မ​သို​ထား​ပါ​ပြီ၊ ငါ​ချစ်​ရာ​သ​ခင်။

ကိုယ်​တော်​ကို လက်​ဆွဲ၍၊ မိ​ခင်၏​အိပ်​ခန်း​ထဲ​သို့ ဆောင်​သွား​ပါ​လိမ့်​မည်။ သူ​သည်​လည်း ကျွန်​မ​ကို သွန်​သင်​သ​ဖြင့်၊ ကျွန်​မ​သည် ဆေး​ရော​သော စ​ပျစ်​ရည်​နှင့် ကျွန်​မ​သ​လဲ​ရည်​ကို ကိုယ်​တော်​အား သောက်​တော်​မူ​ပါ​စေ​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

လူ​မျိုး​အ​ပေါင်း​တို့​ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူ​မျိုး​အ​ပေါင်း​တို့ နှစ်​သက်​ဖွယ်​သော​အ​ရာ​သည် ရောက်၍၊ ဤ​အိမ်​ကို​ဘုန်း​နှင့် ငါ​ပြည့်​စုံ​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-

ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။-

ကိုယ်​ကု​သိုလ်​ကို အ​မှီ​ပြု၍ သူ​တစ်​ပါး​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ အ​ချို့​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-

သူ​သည်​လည်း ထို​ခ​ဏ​ချင်း​တွင်​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ယေ​ရု​ရှ​လင်​မြို့၌ ရွေး​နုတ်​ခြင်း​အ​ရာ​ကို မျှော်​လင့်​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်၏ အ​ကြောင်း​ကို ပြော​လေ၏။

အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။-

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊-

ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။-

ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။-

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-

မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-

အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။-

ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။-

ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-

မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ