Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 7:9

Judson Bible

သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

ဖ​လား၌​နီ​လျက်၊ အ​ရောင်​တောက်​လျက်၊ အ​ချို​အ​မြိန်​ဝင်​လျက်​ရှိ​သော စ​ပျစ်​ရည်​ကို မ​ကြည့်​မ​ရှု​နှင့်။

တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။

နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ ငါ​တို့​ကို ကယ်​တင်​သော ကျေး​ဇူး​တော်​သည် ငါ​တို့ ယုံ​ကြည်​သော နေ့​ရက်၌​နီး​သည်​ထက် ယ​ခု​သာ၍ နီး​သော​ကြောင့်​လည်း​ကောင်း၊-

ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-

လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍၊ သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ