သင်၏ရင်သားနှစ်ဖက်တို့သည် ဒရယ်သငယ်အမွှာနှင့် တူကြပါ၏။
နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
ရင်သားနှစ်ဖက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှတက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှ မလျော့၊ အမွှာသာ ဖွားတတ်ကြ၏။
သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံးဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံဖြစ်ပါ၏။