ရှောလမုန်သီချင်း။ 7:1Judson Bibleအိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သော ကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။
သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။-