Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 6:1

Judson Bible

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် သင်​နှင့်​အ​တူ သူ့​ကို​ရှာ​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ လွှဲ​သွား​တော်​မူ​သည်​ကို ပြော​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။

ဆူး​တော​ထဲ​မှာ နှင်း​ပွင့်​ထင်​သ​ကဲ့​သို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် လူ​မျိုး​သ​မီး​စု​ထဲ​မှာ ထင်​ပေ၏။

ငါ​ချစ်​ရာ​သ​ခင်​အား ငါ​ဖွင့်​သည်​ရှိ​သော်၊ ငါ​ချစ်​ရာ​သ​ခင်​သည် ထွက်​သွား​နှင့်​ပြီ။ စ​ကား​သံ​တော်​ကို စေ့​စေ့ နား​ထောင်​လျက်၊ သ​ခင်​ကို​ငါ​ရှာ​သော်​လည်း မ​တွေ့။ ခေါ်​သော်​လည်း ထူး​တော်​မ​မူ။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် တိ​ရ​ဇ​မြို့​ကဲ့​သို့ လှ၏။ ယေ​ရု​ရှ​လင်​မြို့​ကဲ့​သို့ တင့်​တယ်၏။ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ် ဖြစ်၏။

အို​ယာ​ကုပ် အ​မျိုး​သား​တို့၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​လင်း​တော်၌ ကျင်​လည်​ကြ​ကုန်​အံ့။

အို ဣ​သ​ရေ​လ​အ​မျိုး၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ အ​မှု​ရောက်​သော​ကာ​လ ကယ်​တင်​တော်​မူ​သော​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ပြည်၌ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ည​သာ အိပ်​ခြင်း​ငှာ​ဝင်​သော ခ​ရီး​သွား​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။

သင့်​အ​မှု၏​အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် အ​တောင်​တော်​အောက်၌ ခို​လှုံ​ခြင်း​ငှာ ချဉ်း​ကပ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော​ဆု​ကို ချ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ