Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 5:9

Judson Bible

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။

အို​ဘု​ရား​သ​ခင်၏ မြို့​တော်၊ သင်​သည် ဘုန်း​အ​သ​ရေ​ကြီး​လိမ့်​မည်​ဟူ​သော စ​ကား​ကို ပြော​ထား​လျက်​ရှိ၏။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။

ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို​တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် သင်​နှင့်​အ​တူ သူ့​ကို​ရှာ​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ လွှဲ​သွား​တော်​မူ​သည်​ကို ပြော​ပါ။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။

ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊-

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ