ရှောလမုန်သီချင်း။ 5:15Judson Bibleခြေထောက်တော်တို့သည် ရွှေစင်ဖိနပ်ပေါ်၌တည်သော ကျောက်ဖြူတိုင်နှင့် တူကြ၏။ မျက်နှာတော်သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ထူးမြတ်ပေ၏။ အခန်းကိုကြည့်ပါ။ |
မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။