Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 4:16

Judson Bible

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

လေ​သည်​လည်း အ​စဉ်​လည်​သွား၍၊ လည်​ပြီး​သော​အ​ရပ်​သို့ တစ်​ဖန် ပြန်၍​လည်​ပြန်​တတ်၏။

ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

တော​ပင်​စု​ထဲ​မှာ ရှောက်​ချို​ပင်​ကဲ့​သို့ ငါ​ချစ်​ရာ​သ​ခင်​သည် လူ​မျိုး​သား​စု​ထဲ​မှာ ဖြစ်​တော်​မူ၏။ ငါ​သည် သူ၏​အ​ရိပ်​ဝယ် ပျော်​မွေ့​နေ​ထိုင်၍၊ မြိန်​စွာ​သော​အ​သီး​ကို စား​ရ၏။

ငါ​ချစ်​ရာ သ​ခင်၏​စ​ကား​သံ​ပေ။ ကြည့်​ပါ။ တောင်​ကြီး​တောင်​ငယ်​တို့​ကို ခုန်​ကျော်​လျက် ကြွ​လာ၏။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။

ငါ​ပိုင်​သော စ​ပျစ်​ဥ​ယျာဉ်​သည် ငါ့​ရှေ့​မှာ​ရှိ၍၏။ အို​ရှော​လ​မုန်၊ ငွေ​တစ်​ထောင်​ကို ကိုယ်​တော်​အား​ဆက်၍ အ​သီး​ကို​စောင့်​သော သူ​တို့​သည် နှစ်​ရာ​ကို​ယူ​ရ​ကြ၏။

ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​ကို ဖွင့်​လှစ်၍၊ ဆင်း​သက်​တော်​မူ​ပါ​စေ​သော။ ရှေ့​တော်၌ တောင်​တို့​သည် လှုပ်​ကြ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။-

ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။-

လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊-

ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။-

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-

ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ