Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 4:13

Judson Bible

သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ကြီး​သော​ကာ​လ​တွင်​ပင်၊ အ​သီး​ကို​သီး၍ ကြွယ်​ဝ​စိမ်း​လန်း​ကြ​လိမ့်​မည်။

ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။

အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။

တော​ပင်​စု​ထဲ​မှာ ရှောက်​ချို​ပင်​ကဲ့​သို့ ငါ​ချစ်​ရာ​သ​ခင်​သည် လူ​မျိုး​သား​စု​ထဲ​မှာ ဖြစ်​တော်​မူ၏။ ငါ​သည် သူ၏​အ​ရိပ်​ဝယ် ပျော်​မွေ့​နေ​ထိုင်၍၊ မြိန်​စွာ​သော​အ​သီး​ကို စား​ရ၏။

နာ​ဒု​ပင်၊ ကု​ရ​ကု​မ​ပင်၊ ကြံ​ပင်၊ သစ်​ကြံ​ပိုး​ပင်၊ လော​ဗန်​ပင်​မျိုး၊ မု​ရန်​ပင်၊ အ​ကျော်​ပင်၊ အ​မြတ်​ဆုံး​သော နံ့​သာ​ပင်​မျိုး ပါ​ကြ၏။

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

ချိုင့်​ထဲ​မှာ သစ်​သီး​များ​ကို ကြည့်​ရှု၍၊ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ၊ ငါ​ပြု​စု​သော ဥ​ယျာဉ်​သို့ ငါ​ဆင်း​သွား၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။

ကိုယ်​တော်​ကို လက်​ဆွဲ၍၊ မိ​ခင်၏​အိပ်​ခန်း​ထဲ​သို့ ဆောင်​သွား​ပါ​လိမ့်​မည်။ သူ​သည်​လည်း ကျွန်​မ​ကို သွန်​သင်​သ​ဖြင့်၊ ကျွန်​မ​သည် ဆေး​ရော​သော စ​ပျစ်​ရည်​နှင့် ကျွန်​မ​သ​လဲ​ရည်​ကို ကိုယ်​တော်​အား သောက်​တော်​မူ​ပါ​စေ​မည်။

သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။

မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။-

ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ