Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 4:11

Judson Bible

ငါ့​ခင်​ပွန်း၊ သင်၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့​ယို​တတ်၏။ လျှာ​အောက်​မှာ နို့​နှင့် ပျား​ရည်​ရှိ၏။ အ​ဝတ်​တန်​ဆာ​သည်​လည်း လေ​ဗ​နုန်​အ​မွှေး​အ​ကြိုင်​ကဲ့​သို့ မွှေး​ကြိုင်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။

ရွှေ​ထက်​မ​က၊ များ​စွာ​သော​ရွှေ​စင်​ထက် နှစ်​သက်​ဖွယ်​ဖြစ်၍၊ ပျား​ရည်​ထက်​မ​က၊ ပျား​လ​ပို့​ထက်​ချို​ကြ၏။

ဆင်​စွယ်​ဘုံ​ဗိ​မာန်​ထဲ​က​ထုတ်​သော အ​ဝတ်​တန်​ဆာ​တော်​ရှိ​သ​မျှ​တို့​သည် မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​အ​မွှေး​နှင့် ပြည့်​စုံ၍ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။

နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ပါး​တော်​တို့​သည် နံ့​သာ​တော၊ မွှေး​ကြိုင်​သော ပန်း​တော​ကဲ့​သို့​လည်း​ကောင်း၊ နှုတ်​ခမ်း​တော်​တို့​သည် ပ​က​တိ မု​ရန်​ဆီ​ယို​သော နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။

ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။

ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ