ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။
ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။
ကျွန်မ နှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မူသည်ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မူသည်ကိုလည်းကောင်း ပြတော်မူပါ။ ကျွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကို မြင်ကြသလောဟု ငါမေး၏။
ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှာ ထသောအခါ၊ ငါ့လက်မှ မုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုင်ပေါ်မှာ စက်စက်ကျလေ၏။
နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကိုမှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှမရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း၊ တရားသဖြင့်ကျင့်သော မြို့သား၊ သစ္စာစောင့်သော မြို့သား တစ်စုံတစ်ယောက်မျှရှိလျှင်၊ ထိုသူကိုတွေ့အံ့သောငှာ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။-
ထိုမှတစ်ပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်လည်းကောင်း၊-
တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။
ထိုကြောင့် အိပ်ပျော်သောသူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။