Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 2:4

Judson Bible

ပွဲ​ခံ​ရာ​အိမ်​သို့ ငါ့​ကို​ဆောင်​သွား၍၊ မေ​တ္တာ​တော်​အ​လံ​ကို ငါ့​အ​ပေါ်​မှာ မိုး​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ စ​ပျစ်​ရည် သောက်​ပွဲ​မှ ထ၍ ဥ​ယျာဉ်​တော်​သို့ သွား​တော်​မူ၏။ အ​ပြစ်​ပေး​တော်​မူ​မည်​ဟု ဟာ​မန်​သည်​ရိပ်​မိ၍ အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း မိ​ဖု​ရား​ဧ​သ​တာ​ရှေ့​မှာ တောင်း​ပန်​ခြင်း​ငှာ ထ၏။

ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။

ကိုယ်​တော်၏​ကယ်​တင်​ခြင်း​ကြောင့် အ​ကျွန်ုပ်​တို့​သည်​ဝမ်း​မြောက်၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏​အ​ခွင့်​နှင့် အ​လံ​ကို​ထူ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်​ကို ကြောက်​ရွံ့​သော သူ​တို့​သည် သ​စ္စာ​တ​ရား​ကြောင့် ထူ​ရ​သော​အ​လံ​ကို ပေး​သ​နား​တော်​မူ​ပြီ။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

သီ​ချင်း​တ​ကာ​တို့​တွင် အထွတ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း။

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် တိ​ရ​ဇ​မြို့​ကဲ့​သို့ လှ၏။ ယေ​ရု​ရှ​လင်​မြို့​ကဲ့​သို့ တင့်​တယ်၏။ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ် ဖြစ်၏။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ