သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့် ပြည့်စုံ၏။
ငါချစ်ရာသခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
စပျစ်နွယ်ပင်တို့ကို ဖျက်လတ္တံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဖို့ ဖမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
ချိုင့်ထဲမှာ သစ်သီးများကို ကြည့်ရှု၍၊ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း သိခြင်းငှာ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက်တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တစ်ဖန် သင်၏ရင်သားတို့သည် စပျစ်သီးပြွတ်ကဲ့သို့လည်းကောင်း၊ သင်ရှူသောအသက်အနံ့သည် ရှောက်ချိုသီးအနံ့ကဲ့သို့လည်းကောင်း၊
စပျစ်သီးကို သိမ်းယူရာကာလမတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်။
မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့လည်းကောင်း၊ လယ်ယာသည်မိမိ၌စိုက်သောမျိုးစေ့ကို အညှောက်ထွက်စေသကဲ့သို့လည်းကောင်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။
အညွန့်တို့သည် ပြန့်ပွား၍၊ သံလွင်ပင်ကဲ့သို့ အသရေ တင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်။
စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်ဟု မိန့်တော်မူ၏။
သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။-
အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။-
ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။-