ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်းသည် စိမ်းသောအဆင်းရှိ၏။
တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူ၏။
ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့် ပြည့်စုံ၏။
တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာသခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသောအသီးကို စားရ၏။
ငါချစ်ရာ သခင်သည် သမင်ဒရယ်သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာ ရပ်တော်မူ၏။ ပြတင်းပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကိုပြလျက်နေတော်မူ၏။
ထိုသူအပေါင်းတို့သည် ဓားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာသခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်လည်းကောင်း၊ ငါ့ဆံပင်သည် ည၌ကျတတ်သော နှင်းစက်များနှင့်လည်းကောင်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှာ ထသောအခါ၊ ငါ့လက်မှ မုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုင်ပေါ်မှာ စက်စက်ကျလေ၏။
ငါချစ်သောနှမ၊ ငါပျော်မွေ့ဖို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ်အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကိုလည်းကောင်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကိုလည်းကောင်း တိုးပွားများပြားစေလိမ့်မည်။