Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:12

Judson Bible

အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ့​စိတ်​နှ​လုံး​သည် မင်္ဂ​လာ​စ​ကား​နှင့် ပွက်​ထ​လျက်​ရှိ၍၊ ငါ​စီ​ရင်​သော​အ​ရာ​ကို ရှင်​ဘု​ရင်​ရှေ့​တော်၌ မြွက်​ဆို​ပေ​အံ့။ ငါ့​လျှာ​သည်​လည်း လိ​မ္မာ​ကျွမ်း​ကျင်​သော စာ​ရေး၏​က​ညစ်​ဖြစ်​ရ၏။

ငွေ​နှင့် အ​ပြောက်​ချယ်​သော ရွှေ​ပု​တီး​အ​သွယ်​သွယ်​ကို​လည်း လုပ်၍​ပေး​ဦး​မည်။

သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။

မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊-

တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။-

ထို​အ​ခါ လက်​ယာ​တော်​ဘက်၌​ရှိ​သော သူ​တို့​အား မင်း​ကြီး​က၊ ငါ့​ခ​မည်း​တော်​ထံ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​သော​သူ​တို့၊ က​မ္ဘာ​ဦး​က​ပင် သင်​တို့​အ​ဖို့ ပြင်​ဆင်​သော​နိုင်​ငံ​ကို လာ၍ အ​မွေ​ခံ​ကြ​လော့။-

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။-

ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ