Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 9:30

Judson Bible

သူ​သည် အ​ကျွန်ုပ်​မျက်​စိ​ကို​ဖွင့်​သော်​လည်း အ​ဘယ်​က​ဖြစ်​သည်​ဟု သင်​တို့​မ​သိ​ကြ​သည်​ကို အံ့​ဩ​ဖွယ်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။

ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ၌ နား​ပင်း​သော​သူ​တို့​သည် ကျမ်း​စ​ကား​ကို ကြား​ကြ​လိမ့်​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မြှေး​ရှက်​ခြင်း၊ မှောင်​မိုက်​ခြင်း​နှင့် ကင်း​လွတ်၍ မြင်​ကြ​လိမ့်​မည်။

ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-

ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-

ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။-

ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။-

တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။-

ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊-

ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ