ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။-
ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏မိဘကိုခေါ်၍၊-
မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ သိကြပါ၏။-
ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကို မြင်၍လည်းကောင်း၊ ငြင်းခုံဆိုဖွယ်ရာ မရှိမတွေ့ကြ။-