Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 9:16

Judson Bible

ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊-

ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။-

ထို​စ​ကား​တော်​ကြောင့် ယု​ဒ​လူ​တို့​သည် တစ်​ဖန် ကွဲ​ပြား​ခြင်း​ရှိ​ကြ၏။-

ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။-

ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-

ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။-

ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-

လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​အ​ကြောင်း​ပြု၍ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ၏။ အ​ချို့​တို့​က၊ သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​တို့​က၊ သူ​တော်​ကောင်း​မ​ဟုတ်၊ လူ​များ​ကို​လှည့်​ဖြား​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ၏။-

မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-

ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊-

ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် ကွဲ​ပြား​ခြင်း​ရှိ၍၊ အ​ချို့​တို့​သည် ယု​ဒ​လူ​တို့​ဘက်၌​လည်း​ကောင်း၊ အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်၌​လည်း​ကောင်း နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ