Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:54

Judson Bible

ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​ဂုဏ်​ကို​ပြ​လျှင်၊ ငါ့​ဂုဏ်​သည် အ​ချည်း​နှီး​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​ဂုဏ်​ကို ထင်​ရှား​စေ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့၏​ဘု​ရား​ဟူ၍ သင်​တို့​ခေါ်​ဝေါ်​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ပျား​ရည်​ကို​စား​ကြူး​လျှင် မ​ကောင်း​သ​ကဲ့​သို့၊ ကိုယ်​ဂုဏ်​သ​ရေ​ကို​ရှာ​လျှင် ဂုဏ်​အ​သ​ရေ​မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် တုန်​လှုပ်​သော​သူ​တို့၊ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို​မုန်း၍၊ ငါ့​နာ​မ​ကြောင့် နှင်​ထုတ်​သော ညီ​အစ်​ကို​တို့​က၊ ငါ​တို့​သည် သင်​တို့၏ ဝမ်း​မြောက်​ခြင်း​ကို မြင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​တော်​မူ​စေ​သ​တည်း​ဟု ပြော​တတ်​သော်​လည်း၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။

ထို​သား​ကို လော​အ​မ္မိ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​မ​ဟုတ်။

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။-

အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-

ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-

ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။

သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။-

ငါ​သည် ကိုယ်​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ၏​ဘုန်း​အ​သ​ရေ​ကို​ရှာ၍ စီ​ရင်​တော်​မူ​သော​သူ ရှိ​သေး၏။-

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏​ဘု​ရား​သ​ခင်၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏ ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပြီ။ ထို​သ​ခင်​ကို သင်​တို့​သည် ပိ​လတ်​မင်း​လက်​သို့​အပ်​နှံ၍၊ ထို​မင်း​သည် လွှတ်​မည်​အ​ကြံ​ရှိ​သော်​လည်း သင်​တို့​သည် ထို​သ​ခင်​ကို​ငြင်း​ပယ်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မွမ်း​သော​သူ​သည် ဝန်​ခံ​တော်​မူ​သော သူ​ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သာ​လျှင် ဝန်​ခံ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။

ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဤ​သူ​သည် ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟူ​သော အ​သံ​တော်​သည်၊ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​တော်​ထဲ​က၊ ထို​သ​ခင်​သို့ ရောက်​သော​အ​ခါ၊ ခ​မည်း​တော်​ဘု​ရား​သ​ခင့် အ​ထံ​တော်​မှ ဂုဏ်​အ​သ​ရေ ဘုန်း​အာ​နု​ဘော်​ကို ခံ​ရ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ