Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:49

Judson Bible

ယေ​ရှု​က​လည်း၊ ငါ​သည်​နတ်​ဆိုး​စွဲ​သော​သူ မ​ဟုတ်။ ငါ့​ခ​မည်း​တော်​ကို ချီး​မြှောက်၏။ သင်​တို့​သည် ငါ့​ကို ရှုတ်​ချ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။

အို ဣ​သ​ရေ​လ၊ သင်​သည် ငါ၏​ကျွန်​ဖြစ်၏။ သင့်​အား​ဖြင့် ငါ့​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။

ထို​စ​ကား​ကို ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​နာ​သည် သေ​နာ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​သော​အ​နာ ဖြစ်၏။ ထို​အ​နာ​ကြောင့် ဘု​ရား​သ​ခင်၏​သား​တော်​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-

သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-

လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။-

ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။-

တ​မန်​တော်​တို့​သည်​လည်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် မိ​မိ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ လွှတ်​တော်​မှ​ထွက်​သွား​ကြ၏။-

ယောက်ျား​သည် ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ ရှက်​ဖွယ်​သော အ​ကြောင်း​ဖြစ်​သည်​ကို သင်​တို့​အား ပ​က​တိ​တ​ရား​ပင် ဆုံး​မ​သွန်​သင်​သည် မ​ဟုတ်​လော။-

စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။-

အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ