Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:47

Judson Bible

ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​ကား၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို မ​လှည့်​စား​စေ​နှင့်။ သူ​သည် သင်​တို့​ကို​ငါ့​လက်​မှ ကယ်​ယူ​ခြင်း​ငှာ မ​တတ်​နိုင်။

အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့​ထွက်​လာ​ကြ။ သင်​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်​တို့​ပြည်​နှင့်​တူ​သော ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဆီ၊ ပျား​ရည်​များ​သော​ပြည်​သို့​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင် သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏ အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏​အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က​ရေ​ကို​သောက်​လျက် နေ​ကြ​ဦး​လော့။

သို့​ဖြစ်၍၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို​မ​လှည့်​စား​စေ​နှင့်။ ထို​သို့ မ​ဖြား​ယောင်း​စေ​နှင့်။ သူ့​စ​ကား​ကို မ​ယုံ​ကြ​နှင့်။ အ​ခြား​သော တိုင်း​နိုင်​ငံ၌ ကိုး​ကွယ်​သော​ဘု​ရား​မည်​မျှ​သည်၊ မိ​မိ​ပြည်​ကို​ငါ့​လက်​မှ​လည်း​ကောင်း၊ ငါ့​ဘိုး​ဘေး​လက်​မှ​လည်း​ကောင်း မ​ကယ်​မ​လွှတ်​နိုင်။ ထို​မျှ​မ​က၊ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​ဟု မှာ​လိုက်​လေ၏။

ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။-

ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-

လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​အ​ကြောင်း​ပြု၍ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ၏။ အ​ချို့​တို့​က၊ သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​တို့​က၊ သူ​တော်​ကောင်း​မ​ဟုတ်၊ လူ​များ​ကို​လှည့်​ဖြား​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ၏။-

အ​သ​ရေ​ထင်​ရှား​ခြင်း​နှင့် ရှုတ်​ချ​ခြင်း၊ ချီး​မွမ်း​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​ကို ခံ​သ​ဖြင့်​လည်း​ကောင်း၊ လှည့်​စား​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ဟုတ်​မှန်​သော​သူ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ