သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။
ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။-
ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။
ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။-
နက်ဖြန့်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရလေဦးမည်ဟု မိန့်တော်မူ၏။