Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:30

Judson Bible

ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် လူ​တို့၏​ဒေါ​သ​သည် ကိုယ်​တော်​ကို ချီး​မွမ်း​လိမ့်​မည်။ ကြွင်း​သော​ဒေါ​သ​ကို​လည်း ခါး​ပန်း​စည်း​တော်​မူ​မည်။

အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။-

ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​သော်​လည်း စု​ဝေး​သော​သူ​များ​ကို ကြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏။

ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် မိ​မိ​တို့​ကို ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို​သိ​သော​ကြောင့် ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း လူ​များ​ကို​ကြောက်၍ နေ​ရ​ကြ၏။

ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။-

ထို​အ​ခါ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ တစ်​ဖန် ရှာ​ကြ​ပြန်​လျှင်၊ ထို​သူ​တို့၏​လက်​မှ ထွက်​ကြွ​တော်​မူ၏။-

ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။

မော​ရှေ​သည် ပ​ညတ်​တ​ရား​ကို သင်​တို့​အား ပေး​သည်​မ​ဟုတ်​လော။ ထို​တ​ရား​ကို သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျင့်။ ငါ့​ကို​သတ်​အံ့​သော​ငှာ အ​ဘယ်​ကြောင့် ရှာ​ကြံ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-

ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။-

ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။-

ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။-

ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-

ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။

ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ