Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:3

Judson Bible

ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-

ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။-

ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။-

ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ စည်း​ဝေး​သော​သူ​များ​သော​ကြောင့်၊ ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​ဘဲ နေ​ကြ၏။-

လူ​အ​ချို့​က​လည်း၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​တွေ့​လို၍ ပြင်​မှာ​ရပ်​နေ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-

ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-

တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။-

ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။-

ညီ​တော်​တို့​သွား​ပြီး​မှ ကိုယ်​တော်​သည် ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ၏။-

ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊-

မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။-

ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။-

ထို​သူ​တို့​နှင့် ဒါ​ဝိဒ်​ပြော​သည်​ကို အစ်​ကို​အ​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် ဒါ​ဝိဒ်​ကို​အ​မျက်​ထွက်၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ​သ​နည်း။ ထို​နည်း​သော​သိုး​တို့​ကို တော​တွင် အ​ဘယ်​သူ​လက်၌ အပ်​ခဲ့​သ​နည်း။ သင့်​မာ​န​ကြီး​ခြင်း၊ သင့်​စိတ်​နှ​လုံး​ဆိုး​ညစ်​ခြင်း​ကို ငါ​သိ၏။ စစ်​ပွဲ​ကို ကြည့်​ရှု​ခြင်း​ငှာ​သာ လာ​ပြီ​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ