မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
သင်တို့သည် မတရားသောသူတို့၏မျက်နှာကိုထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။
ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။
တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။
တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုကြလော့။
ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှာ ရှာကြသည်မဟုတ်လော။-
သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။-
မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူ ဖြစ်သည်ဟု မိမိ၌ စွဲလမ်းခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့လည်း ခရစ်တော်၏လူဖြစ်ကြောင်းကို တစ်ဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။-
ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။-
တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။-
သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။-