Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:17

Judson Bible

ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​တတ်၏။ ထို​သူ​အား နှစ်​သက်​ဖွယ်​သော​လမ်း​ကို ပြ​ညွှန်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

အ​ဓ​မ္မ​လူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို နား​မ​လည်​တတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​မူ​ကား၊ ခပ်​သိမ်း​သော စီ​ရင်​ခြင်း​ကို နား​လည်​တတ်၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ထို​အ​ရပ်၌ လမ်း​မ​ကြီး​ရှိ​လိမ့်​မည်။ ထို​လမ်း​ကို သန့်​ရှင်း​ရာ​လမ်း​ဟု သ​မုတ်​ကြ​လိမ့်​မည်။ မ​စင်​ကြယ်​သော​သူ​သည် ထို​လမ်း​ကို မ​လျှောက်​မ​သွား​ရ။ သွား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ခ​ရီး​သွား​လျက်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိုက်​သော​သူ​သော်​လည်း လမ်း​မ​လွဲ​ရ။

လူ​အ​များ​တို့​သည် သန့်​ရှင်း​ဖြူ​စင်​ခြင်း​သို့​ရောက်၍ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု၍ တစ်​ယောက်​မျှ နား​မ​လည်​ရ။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ နား​လည်​ကြ​လိမ့်​မည်။

ပ​ညာ​ကို​လည်း ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ခြင်း​ငှာ လိုက်​ရှာ​ကြ​လိမ့်​မည်။ ထွက်​တော်​မူ​ချိန်​သည် နံ​နက်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ရွာ​သော​မိုး​နှင့် မြေ​အ​ပေါ်​သို့​ရွာ​သော နောက်​မိုး​ကဲ့​သို့ သက်​ရောက်​တော်​မူ​လိမ့်​မည်။

များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

မျက်​စိ​ကား ကိုယ်၏ ဆီ​မီး​ဖြစ်၏။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​လျှင် တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။-

ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။

သ​မ္မာ​တ​ရား​ကို ကျင့်​သော​သူ​မူ​ကား၊ မိ​မိ​အ​ကျင့်​တို့​သည် ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့် ညီ​သည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့​ချဉ်း​ကပ်​သည်​ဟု ဟော​တော်​မူ၏။

အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ