Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:52

Judson Bible

ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊-

ထို​စ​ကား​တော်​ကြောင့် ယု​ဒ​လူ​တို့​သည် တစ်​ဖန် ကွဲ​ပြား​ခြင်း​ရှိ​ကြ၏။-

နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။-

နိ​ကော​ဒင်​က​လည်း၊ ဤ​အ​မူ​အ​ရာ​သည် အ​ဘယ်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ပြန်​လျှင်၊-

မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။-

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊-

တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။-

ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-

သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။-

ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ