Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:26

Judson Bible

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​စိတ်​သ​ဘော​မူ​ကား၊ ရှေ့​တော်၌ မ​ဖြောင့်၊ သ​စ္စာ​တော်​ကို မ​စောင့်​ဘဲ​နေ​ကြ၏။

ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-

ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-

ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။

အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-

သို့​သော်​လည်း​သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။-

သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။-

ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။-

စိတ်​နှ​လုံး​ယို​ယွင်း၍၊ သ​မ္မာ​တ​ရား​နှင့်​ကင်း​သော သူ​တို့၏ အ​ချည်း​နှီး​ဆွေး​နွေး​ခြင်း ဖြစ်​တတ်၏။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု သူ​တို့​သည် စိတ်​ထင်​ကြ၏။ ထို​သို့​သော​သူ​တို့​ကို ရှောင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ