Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:34

Judson Bible

သို့​သော်​လည်း လူ​ပေး​သော​သက်​သေ​ကို ငါ​သည်​ပ​မာ​ဏ​မ​ပြု။ သင်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ဤ​စ​ကား​ကို ငါ​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-

လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။

ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-

လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-

ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​ဂုဏ်​ကို​ပြ​လျှင်၊ ငါ့​ဂုဏ်​သည် အ​ချည်း​နှီး​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​ဂုဏ်​ကို ထင်​ရှား​စေ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့၏​ဘု​ရား​ဟူ၍ သင်​တို့​ခေါ်​ဝေါ်​တတ်​ကြ၏။-

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-

ဣ​သ​ရေ​လ​လူ​တို့​ကို ရည်​မှတ်၍ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နား​မ​ထောင် ငြင်း​ဆန်​တတ်​သော လူ​မျိုး​သို့ တစ်​နေ​လုံး​ငါ​သည် လက်​ဝါး​ကို ဖြန့်​ရ​ပြီ​ဟု ဆို​သ​တည်း။

အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

သူ​တို့​တွင် အ​ချို့​မ​ယုံ​သော်​လည်း၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​မ​ယုံ​ဘဲ​နေ​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို ဖျက်​နိုင်​သ​လော။-

အား​နည်း​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ အား​နည်း​သော​သူ​တို့၌ အား​နည်း​သော​သူ​ကဲ့​သို့ ဖြစ်၏။ အ​ချို့​သော​သူ​တို့​ကို တစ်​စုံ​တစ်​ခု​သော အ​မှု​အ​ရာ​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ၊ ခပ်​သိမ်း​သော​သူ​တို့၌ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်၏။-

ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ်​ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း သ​တိ​ပြု၍ အ​မြဲ​တည်​နေ​လော့။ ထို​သို့​ပြု​လျှင်၊ ကိုယ်​ကို​လည်း​ကောင်း၊ နား​ထောင်​သော သူ​တို့​ကို​လည်း​ကောင်း ကယ်​တင်​လိမ့်​မည်။

လူ၏​သက်​သေ​ကို ယုံ​ရ​လျှင်၊ ဘု​ရား​သ​ခင်၏ သက်​သေ​တော်​ကို သာ၍ ယုံ​ဖွယ်​ရာ​အ​ကြောင်း​ရှိ၏။ ယ​ခု​ဆို​ခဲ့​ပြီး​သော သက်​သေ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​ချက် ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ