ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။-
ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့်မဆိုင်သော သူတစ်ပါး ချီးမွမ်းပါလေစေ။
ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။-
လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွတ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊-