Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:22

Judson Bible

လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ၏။ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း၊ လူ​များ​ကို သ​စ္စာ​တော်​နှင့်​လည်း​ကောင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ဝှက်​ထား​ခြင်း​မှ​စ၍၊ အ​လုံး​စုံ​သော​အ​မှု၊ ကောင်း​မ​ကောင်း​ရှိ​သ​မျှ​တို့​ကို စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လ​တ္တံ့​သ​တည်း။ ရှော​လ​မုန်​မင်း​ကြီး စီ​ရင်​ရေး​ထား​သော ဒေ​သ​နာ​ကျမ်း​ပြီး၏။

ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-

ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-

ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။-

ခ​မည်း​တော်​သည် သား​တော်​ကို ချစ်​တော်​မူ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​ပြီ။ -

သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။-

ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။-

ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။-

ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။

ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊-

သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ